ထန်းရွက်ပုတီးလေးတွေကိုယ်စီဆွဲ ရွှေစာရံဘုရားပွဲ

3 saat 0 Görüntüleme
Kategori:
Açıklama:
ထန်းရွက်ပုတီးလေးတွေကိုယ်စီဆွဲ ရွှေစာရံဘုရားပွဲ

တပေါင်းလကို ရောက်ပြီဆိုတာနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ တပေါင်းပွဲတော်တွေထဲကမှ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ “သမိုင်းဝင်သစ္စာဓိဌာန် ရွှေစာရံစေတီတော်မြတ်ကြီး”ရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

“အရှေ့ရွှေစာရံ၊ ပုဂံအနောက်၊ တောင်မြောက်ယင်မျှော်၊ သီဟတောဟု၊ လောကဓာတ်တွင်း၊ ခြောက်ရောင်လင်းသား၊ သနင်းမှန်ကူ၊ ကျော်လေးဆူ”ဆိုသည့် ကင်းဝန်မင်းကြီးရဲ့ စခန်းစဉ် လင်္ကာအရ ကျော်လေးဆူစာရင်းဝင်တဲ့ ‌ရွှေစာရံဘုရားပွဲ‌တော်ကြီးကို အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးပြည်သူများ လာရောက်ကြပြီး အလွန်စည်ကားတဲ့ ပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ်။

ရွှေစာရံဘုရားပွဲတော်ကို ရှေးယခင်က မန္တလေးရဲ့ အကြိုသင်္ကြန်ပွဲတော်အဖြစ်လည်း တင်စား ပြောဆိုကြပါတယ်။

ရွှေစာရံဘုရားပွဲတော်လို့ အမည်သတင်းကြားလိုက်တာနဲ့ ရွှေစာရံဘုရားရဲ့အမှတ်တရ လက်ဆောင် “ထန်းရွက်ပုတီးလေး”တွေကို အမှတ်တရ မြင်တွေ့ကြရမှာပါ။ မြန်မာ့ကျေးလက် ရိုးရာနှင့် ဗုဒ္ဓဘာသာပွဲတော်များ ရောယှက်နေတဲ့ ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုကို ရွှေစာရံ ဘုရားပွဲတော်မှာ တွေ့ရမှာဖြစ်ပါတယ်။
ရွှေစာရံဘုရားပွဲဟာ ဘာသာရေးပွဲဖြစ်သလို တစ်ဖက်မှာလည်း တောင်သူဦးကြီးတွေရဲ့ စပါးသိမ်းအောင်ပွဲနဲ့ ပုန်းမကြည်ရှင်မနတ်တင်တဲ့ ကျေးလက်ရိုးရာပွဲအဖြစ်တွေ့မြင်ရမှာ ဖြစ်ပါတယ်...

အညာဒေသရဲ့ အငွေ့အသက်များ စီးမြောခံစားရင်း၊ ကျေးလက်ရနံ့သင်းတဲ့ ရွှေစာရံဘုရားပွဲတော်အကြောင်းကို မျှဝေလိုက်ပါတယ်။

#YouthDirectroy

#Mandalay

#ShweSarYan

#Festival